International News

Covid-19 စမ်းသပ်မှုကြောင့် တရုတ်၏ သစ်သီးဝလံတင်သွင်းမှုများ အနှောင့်အယှက်ဖြစ်ပွားနေ

Last Updated:

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း Xinfadi ဈေး၌ Covid-19 ရောဂါဖြစ်ပွားမှု၏ နောက်ဆက်တွဲ အဖြစ် Covid-19 စမ်းသပ်သည့် စီမံဆောင်ရွက်မှုအသစ်များကြောင့် ပြည်ပမှ တင်သွင်းလာ သည့် သစ်သီးဝလံများအား အကောက်ခွန်ရှင်းလင်းရာတွင် နှောင့်နှေးမှုများနှင့် ကြုံတွေ့နေကြ ရသည်။ ယခင်ရက်သတ္တပတ်အတွင်း ရောဂါဖြစ်ပွားမှုများမှာ ပြည်ပမှတင်သွင်းသော ဆာလ်မွန် ငါးများအား ရောင်းချသူက ခုတ်ထစ်ရာတွင် အသုံးပြုသည့် စဉ်းတီတုံးနှင့် ဆက်စပ်နေကြောင်း ဈေးတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့ပါသည်။

ပြည်ပမှတင်သွင်းသော လတ်ဆတ်သစ်သီးဝလံများအား Covid-19 အတွက်စစ်ဆေးရန် တရား ဝင်ညွှန်ကြားချက် (သို့မဟုတ်) တရားဝင်သတိပေးချက် တစ်စုံတစ်ရာအား တရုတ်အကောက် ခွန်အရာရှိများက ထုတ်ပြန်ထားခြင်းမရှိသေးပါ။  Covid-19 ရောဂါမှာ လတ်ဆတ်ကုန်စည်များ /ကုန်စိမ်းများ (သို့မဟုတ်) အခြားအစားအစာများမှတဆင့် ကူးစက်နိုင်ကြောင်း အထောက် အထားတစ်စုံတစ်ရာ မတွေ့ရသေးသော်လည်း ရှန်ဟိုင်း၊ တီရန်ကျင်းနှင့် တရုတ်နိုင်ငံတဝှမ်းရှိ ဆိပ်ကမ်းများ၌ အကောက်ခွန်အရာရှိများက စီမံဆောင်ရွက်မှုအသစ်များ ပြုလုပ်နေကြပါ သည်။

၎င်းတို့အနက် ရှန်ဟိုင်းရှိ အကောက်ခွန်အာဏာပိုင်များက Covid-19 ရောဂါဖြစ်ပွားမှုနှုန်း မြင့် မားသော အမေရိကန်နှင့် အခြားနိုင်ငံများမှ ရှန်ဟိုင်းဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် သစ်သီး ဝလံထုပ်ပိုးမှုများနှင့် မျက်နှာပြင်များ၏အပေါ်တွင်  Covid-19 စစ်ဆေးမှု စတင်ပြုလုပ်ခြင်းကဲ့ သို့သော အတင်းကြပ်ဆုံး စီမံဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း၊ ထိုသို့စစ်ဆေးမှုများ အတွက် (၂) ရက်ခန့် ပိုမိုကြာမြင့်ကြောင်း၊ အမေရိကနှင့် ကမ္ဘာ့မြောက်ဘက်ခြမ်းနိုင်ငံများမှ မူလ ဖြစ်သည့်၊ အချိန်ကြာမြင့်သည်နှင့်အမျှ ပျက်စီး လွယ်သည့် ချယ်ရီသီးများ တရုတ်နိုင်ငံသို့ ဆိုက်ရောက်လာသည့်အခါ အဓိကစိုးရိမ်ရကြောင်း၊ ဈေးကွက်အတွင်း ကုန်စည်ရောက်ရှိသည့် အချိန် ပိုမိုကြာမြင့်လေ ဈေးနှုန်းပိုမိုတက်နိုင်လေဖြစ်ကြောင်း၊ အခြားဆိပ်ကမ်းများတွင်လည်း ထိုကဲ့သို့စစ်ဆေးမှုများရှိသော်လည်း ရှန်ဟိုင်းကဲ့သို့ များစွာတင်းကြပ်ခြင်းမရှိကြောင်း အစီရင်ခံ တင်ပြထားပါသည်။

ရှန်ဟိုင်းမြို့၏ အနောက်ဘက် ကီလိုမီတာ (၁၀၀) အကွာအဝေးတွင် တည်ရှိသော ပြည်တွင်း ပြည်ပမှ လတ်ဆတ်သစ်သီးဝလံများ၏ အဓိကလက်ကားဈေးဖြစ်သည့် Jiaxing ဈေးတွင် ရောင်းချသည့် ပြည်ပမှတင်သွင်းသော သစ်သီးဝလံများမှာ အကောက်ခွန်ဌာန၏ Covid-19 စစ် ဆေးမှုကြောင့် အချိန်ကြာမြင့်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေသည့် ဈေးဖြစ်ပါသည်။ ထို့ပြင် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာနှင့် ပြည်နယ်အစိုးရတို့မှ တာဝန်ခံများက ဈေးသို့ မကြာ ခဏလာရောက်ကြကာ သစ်သီးဝလံများအား ကျပန်းစစ်ဆေးမှုပြုလုပ်ကြကြောင်း၊ အထူး သဖြင့် အမေရိကမှတင်သွင်းသော ဆန်းကစ်သီး၊ တောင်အာဖရိက၊ အီဂျစ်နှင့် အမေရိကမှ တင် သွင်းသည့်ပန်းသီးများ စသည့် အရည်ရွှန်းပြီး အချဉ်ဓာတ်ကြွယ်ဝသည့် သစ်သီးများလည်းပါဝင် ကြောင်း ၎င်းဈေးမှ ပြောကြားချက်အရ သိရပါသည်။

တရုတ်မီဒီယာများ၏ အစီရင်ခံမှုများအရ Xindafi ဈေးမှ ရောဂါပျံ့နှံ့ဖြစ်ပွားမှု၏ နောက်ပိုင်း တွင် ပြည်ပမှတင်သွင်းသော စားသောက်ကုန်များအပေါ် ဆိပ်ကမ်းအများအပြား၌ အကောက် ခွန်အာဏာပိုင်များ၏ စစ်ဆေးမှုများ ပိုမိုတိုးမြင့်ပြုလုပ်လာကြောင်း သိရပြီး ကနဉီးတွင် ပင်လယ်စာထုတ်ကုန်များအပေါ် အာရုံထားစစ်ဆေးခဲ့ကြကာ နောက်ပိုင်းတွင် အသားနှင့် လတ် ဆတ်သစ်သီးဝလံများသို့ပါ တိုးမြှင့်ဆောင်ရွက်လာကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ် : Fruitnet (၁၈-၆-၂၀၂၀)

Category: International News